သံချေးမတက်အောင် ကာကွယ်ရန်အတွက် အထူးထုတ်လုပ်ထားသော ဆေးသားထူသည့် zinc အခြေခံသော အပေါ်ဆေး ဖြစ်ပါသည်။
အသုံးပြုရန်နေရာများ
ဂဟေဆက်ထားသော အဆက်များ၊ လက်ရန်းများ၊ သတ္တုခြံစည်းရိုးများ၊ ပိုက်လုံးများ၊ ပိုက်လိုင်းများ၊ ယာဉ်နောက်တွဲများ၊ လမ်းပြင်စက်များ စသည့် သတ္တုမျက်နှာပြင်များ သံချေးမတက်စေရန် အပေါ်ဆေးအဖြစ် အသုံးပြုနိုင်ပါသည်။ ရေမြှပ်ထားရသော ဖွဲ့စည်းပုံများအတွက် အသုံးပြုရန် မသင့်တော်ပါ။
ဂုဏ်သတ္တိများ
- အခြောက်မြန်ခြင်း
- အသုံးပြုရလွယ်ကူခြင်း
- ဆေးသားအဟောင်းပေါ် ထပ်ပြီး သုတ်နိုင်ခြင်း
- ပွန်းပဲ့တိုက်စားခြင်းများကို အကောင်းဆုံး ကာကွယ်နိုင်ခြင်း